CVT အသက်မွေးမှု အတတ်ပညာသင်တန်းကျောင်း မှ Electrical Installation Courses သင်တန်းဆင်းပွဲကျင်းပခြင်း

“Center for Vocational Training နှင့် Labour Asia Training Center တို့ပူးပေါင်း၍” မေလတွင် ဖွင့်လှစ်ခဲ့သော Center for Vocational Training မှ အသုံးချ လျှပ်စစ်သွယ်တန်းမှုသင်တန်း (၁/၂၀၂၄) NSSA (National Skill Standard Authority- Level 1) အဆင့်နှင့် အညီ လေ့ကျင့်သင်ကြားပေးသည့် သင်တန်း အပတ်စဥ် ၁ သင်တန်းဆင်းပွဲကို ၂၄ မေလ ၂၀၂၄ တွင် CVT Training Center အမှတ် (၉)၊ အောင်ဆန်းသူရိယ လှသောင်းလမ်း၊ ၄၈ (U-10) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၌ အောင်မြင်စွာကျင်းပခဲ့ပါသည်။ သင်တန်းဆင်းပွဲတွင် CVT ၏ Head of Education ဒေါ်ထက်ထက်ရဲ၀င်းမှ အဖွင့် အမှာစကားပြောကြားပြီးနောက် Head of Marketing & Fundraising မှ ဒေါ်သွေးသွေးမောင်မှ ကျေးဇူးတင်စကား ကိုပြောကြား၍ သက်ဆိုင်ရာဆရာများမှ သင်တန်းဆင်း လက်မှတ်များကို ချီးမြှင့်ခဲ့ပါသည်။