Center for Vocational Training-CVT မှ ၂၀၂၄ မတ်လဆန်းတွင် ဖွင့်လှစ်ခဲ့သောနွေရာသီကျောင်း ပိတ်ရက်ကာလတို ၂လသင်တန်းများဖြစ်သောကွန်ပျူတာအခြေခံ နှင့် အင်္ဂလိပ်စာအခြေခံသင်တန်းဆင်းပွဲကို ၃၀.၄.၂၀၂၄ (အင်္ဂါနေ့) တွင် သာကေတမြို့နယ်၊ အမှတ် ၈၁၂၊ ရတနာပုံ ၂ လမ်းရှိ Center for Vocational Training သင်တန်းကျောင်းတွင် ပြုလုပ်ကျင်းပခဲ့ပါသည်။

ထိုသင်တန်းကို ကျောက်ချောင်းဘုန်းတော်ကြီးစာသင်ကျောင်းမှ ကိုရင်များ၊ သီလရှင်များ နှင့် ကျောင်းသားလေးများတက်ရောက်ခဲ့ပြီး၎င်းနွေရာသီအထူးသင်တန်းအတွက် U Myat Aung Transport Co., Ltd မှအဓိက ပံ့ပိုးကူညီခဲ့ပါသည်။

ထို့နောက် သင်တန်းသားများအားအစားသောက်များ ကျွေးမွေး ၔည့်ခံခြင်း၊ အမှတ်တရ ဓါတ်ပုံများ ရိုက်ကူးခြင်းများဖြင့် သင်တန်းဆင်းပွဲအား အောင်မြင်စွာ ကျင်းပခဲ့ပါသည်။