Center for Vocational Training (CVT) နှင့် Myanmar Business Executives Association (MBE) တို့ နားလည်မှုစာချွန်လွှာ MoU လက်မှတ်ရေးထိုးခြင်း

Center for Vocational Training (CVT) အနေဖြင့် Myanmar Business Executives Association (MBE) ပူးပေါင်း၍ CSR Activities များကို ပူးပေါင်းကူညီဆောင်ရွက်ခြင်း၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ သင်တန်းများ နှင့် အလုပ်အကိုင်ရရှိရေး အတွက် ပူးပေါင်းဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံ SME ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များပူးပေါင်းဆောင်ရွက်ခြင်း၊ သုတေသနနှင့် သင်ရိုးညွှန်းတမ်းများ ဖွံ့ဖြိုးတိုးတက်ရေးစသည်တို့ ကို ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ မေလ (၂၇) ရက်နေ့တွင် Chatrium Hotel Royal Lake Yangon ၌ နားလည်မှုစာချွန်လွှာ MoU လက်မှတ်ရေးထိုးခဲ့ကြပါသည်။

အဆိုပါအခမ်းအနားတွင် “CVT” ၏ CEO ဒေါ်ခင်မြတ်စန္ဒာ နှင့် နှင့် “MBE ၏ ဥက္ကဋ္ဌ ဦးမင်းဦးတို့မှ သဘော တူညီမှု လက်မှတ်ရေးထိုးခဲ့ကြပြီး “CVT”၏ Director/Head MarCom and Fundraising ဒေါ်သွေးသွေးမောင် နှင့် “MBE” Collaboration and Strategic Partnership Committee ၏ဥက္ကဌ ဦးစည်သူအောင်တို့မှ အသိသက်သေများအဖြစ်အောင်မြင်စွာလက်မှတ်ရေးထိုးခဲ့ကြပါသည်။

ထို့နောက် အမှတ်တရ ဂုဏ်ပြုပစ္စည်းများ အပြန်အလှန် ပေးအပ်ခြင်း၊ အမှတ်တရ ဓါတ်ပုံများရိုက်ကူးခြင်းများ ပြုလုပ်ခဲပြီးနောက် ညနေ (၄း၀၀) နာရီ အချိန်တွင် အခမ်းအနား အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။