ZANAKA Education Foundation ၏ ပံ့ပိုးမှုဖြင့် Center for Vocational Training (CVT) မှ ဖွင့်လှစ်ခဲ့သော Electrical Installation Course (NSSA Level 1) သင်တန်းကို ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့တွင် CVT Training Center (အမှတ် 151, Tech Park, လှိုင်မြို့နယ်) တွင် ဖွင့်လှစ်ခဲ့ပြီးသင်တန်းသား ၁၆ ဦး တက်ရောက်ခဲ့ကြပါသည်။ သင်တန်းကာလအတွင်း လျှပ်စစ်ဘေးအန္တရာယ် ကင်းရှင်းရေး၊ အဆောက်အဦ လျှပ်စစ်သွယ်တန်းခြင်းဆိုင်ရာ လုပ်ငန်းများအတွက်အခြေခံမှ လက်တွေ့ကျွမ်းကျင်မှုများ အထိ သင်ကြား ပေးခဲ့ပြီး သင်တန်းသားများ လက်တွေ့လုပ်ငန်းခွင်သို့ ဝင်ရောက်နိုင်ရန် လိုအပ်သော နည်းပညာနှင့် အတွေ့အကြုံမျှဝေသင်ကြားပေးခဲ့ပါသည်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့တွင် သင်တန်းပြီးဆုံး အောင်မြင်ခဲ့ကြပြီး၊ သင်တန်းပြီးဆုံးသူများအား အလုပ်အကိုင်ချိတ်ဆက်ခြင်း နှင့် Electrical Installation Course (NSSA Level 2) ဆက်လက် တက်ရောက်နိုင်ရန် အခွင့်အလမ်းများကို CVT မှ မျှဝေခဲ့ပါသည်။
ယခုလို သင်တန်းကို ပံ့ပိုးကူညီပေးခဲ့သော ZANAKA Education Foundation အား အထူးကျေးဇူးတင်ရှိပါသည်။
#cvt
#centerforvocationaltraining
#electrician
#nssa






