Center for Vocational Training (CVT Myanmar) မှ စီစဉ်ဖွင့်လှစ်သော “The Art of Negotiation” သင်တန်းကို Strategic Leader, Board-Level People, Business and Culture ဖြစ်သူ ဆရာ ဦးမျိုးသန်းက ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၄ ရက်မှ ၂၅ ရက်အထိ Summit Parkview Hotel တွင် (၂) ရက်တာ သင်ကြားပို့ချခဲ့ရာ သင်တန်းသား (၂၂) ဦး တက်ရောက်ခဲ့ကြသည်။
အဆိုပါ သင်တန်းသို့ Sales Managers၊ Sales Executives၊ Sales Coordinators များအပြင် လုပ်ငန်းအသီးသီးတွင် အရောင်းတာဝန်များကို ကိုယ်တိုင်ဆောင်ရွက်နေသူများ တက်ရောက်ခဲ့ကြသည်။
သင်တန်းအတွင်း ဆရာ ဦးမျိုးသန်းက အရောင်းလုပ်ငန်းစဉ်၏ အဓိကအဆင့်များ၊ ထိရောက်သော Negotiation နည်းဗျူဟာများနှင့် အရောင်းသဘောတူညီချက်များကို အောင်မြင်စွာ အပြီးသတ်နိုင်ရန် လိုအပ်သည့် လုပ်ဆောင်ချက်အဆင့်ဆင့်ကို မျှဝေဆွေးနွေးပေးခဲ့သည်။ ထို့ပြင် ဝယ်ယူသူများ၏ ဆုံးဖြတ်ချက်ချမှတ်ပုံနှင့် ညှိနှိုင်းဆွေးနွေးမှုအပေါ် သက်ရောက်မှုရှိသည့် Purchase Matrix အကြောင်းကိုလည်း အသေးစိတ် ရှင်းလင်းမျှဝေပေးခဲ့ပြီး လက်တွေ့လုပ်ငန်းခွင်တွင် အသုံးချနိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။
သင်တန်းသားများသည် Group Work များတွင် ပါဝင်ဆောင်ရွက်ကာ ဖြစ်ရပ်လေ့လာမှုများ (Case Studies) နှင့် Negotiation Scenario များအပေါ် အဖွဲ့လိုက် ဆွေးနွေးလေ့ကျင့်ခဲ့ကြပြီး အပြန်အလှန် အတွေ့အကြုံဖလှယ်ခြင်းနှင့် သဘောထားအမြင်များ မျှဝေဆွေးနွေးခြင်းများကိုလည်း တက်ကြွစွာ ဆောင်ရွက်ခဲ့ကြသည်။ ထို့အပြင် လက်တွေ့လေ့ကျင့်ခန်းများနှင့် စစ်ဆေးအကဲဖြတ်မှုများမှ တစ်ဆင့် သင်ယူထားသော အသိပညာများကို လက်တွေ့အသုံးချနိုင်စေရန် လေ့ကျင့်ပေးခဲ့သည်။
သင်တန်းပြီးဆုံးချိန်တွင် အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့ကြပြီး သင်တန်းကို အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။
#cvt
#theartofnegotiation



