POSCO International Corporation ၏ ပံ့ပိုးကူညီမှုဖြင့် Center for Vocational Training (CVT) မှ ဖွင့်လှစ်သည့် Electrical and Solar Installation Course သင်တန်းကို ၂၀၂၆ ခုနှစ် မေလ ၂၅ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ CVT Training Center (အမှတ် ၁၅၁၊ Tech Park၊ လှိုင်မြို့နယ်) တွင် သင်တန်းသား ၂၀ ဦးဖြင့် အောင်မြင်စွာ ဖွင့်လှစ်သင်ကြားခဲ့ပြီး အဆိုပါ သင်တန်းဆင်းပွဲကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ နေ့လယ် ၃ နာရီမှ ၄ နာရီအထိ CVT သင်တန်းခန်းမ တွင် ကျင်းပပြုလုပ် ခဲ့ပါသည်။

အခမ်းအနားကို CVT ၏ ပညာရေးဆိုင်ရာ ဒါရိုက်တာ ဒေါ်ထက်ထက်ရဲဝင်း မှ အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြား၍ စတင်ခဲ့ပြီး၊ POSCO International Corporation မှ ဒါရိုက်တာ ဦးအာကာအောင်မှ ဂုဏ်ပြုအမှာစကားပြောကြား ခဲ့ပါသည်။

ထို့နောက် CVT ၏ ဈေးကွက်မြှင့်တင်ရေးနှင့် ရန်ပုံငွေရှာဖွေရေး ဌာန၏ ဒါရိုက်တာ ဒေါ်သွေးသွေးမောင် မှ ဆက်လက်ဖွင့်လစ်မယ့် သင်တန်းများအကြောင်း ကို ဆက်လက်ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် POSCO International Corporation မှ CSR Representative ဦးခင်သန်း နှင့် CVT မှ ဆရာများ ဖြစ်ကြသော ဦးကျော်ဝင်းသိန်းနှင့် ဦးထက်အောင်လင်းမှ သင်တန်းသားများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ် ချီးမြှင့် ခဲ့ကြပါသည်။ သင်တန်းသားများကိုယ်စားသင်တန်းဆင်း ကျောင်းသား ကိုအောင်ငြိမ်းချမ်းဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။

အခမ်းအနားအပြီးတွင် အမှတ်တရစုပေါင်းဓာတ်ပုံ ရိုက်ကူးခြင်းနှင့် တက်ရောက်သူများအား အစားအသောက်ဖြင့် ဧည့်ခံကျွေးမွေးခဲ့ပြီး အခမ်းအနားအောင်မြင်စွာ ပြီးစီးခဲ့ပါသည်။

#cvt
#centerforvocationaltraining
#shwe
#posco

el& solar certification ceremony
el& solar certification ceremony
el& solar certification ceremony
el& solar certification ceremony
el& solar certification ceremony
el& solar certification ceremony