Center for Vocational Training (CVT) သည် Studer Trust နှင့် ပူးပေါင်း၍ Apprenticeship-Based Modern Furniture Technician Training Program ကို Scholarship အစီအစဉ်အဖြစ် ၂၀၂၆ ခုနှစ် မေလတွင် ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်လျက်ရှိပါသည်။
ယနေ့ခေတ် လုပ်ငန်းများတွင် ကြုံတွေ့နေရသော လုပ်သားအင်အားမလုံလောက်ခြင်း၊ ကျွမ်းကျင်မှုမပြည့်မီခြင်းနှင့် ရေရှည်အတွက် ကျွမ်းကျင်လုပ်သားများ ထိန်းသိမ်းထားရှိရန် လိုအပ်မှုများကို ဖြေရှင်းနိုင်ရန် Dual Apprenticeship နည်းလမ်းသည် အထိရောက်ဆုံးဖြေရှင်းချက်တစ်ရပ်ဖြစ်ကြောင်း ယုံကြည်ရပါသည်။
ထိုကြောင့် CVT မှ ဖွင့်လှစ်မည့် Modern Furniture Technician Training Program အကြောင်းကို ၂၀၂၆ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် လုပ်ငန်းရှင်များအား ဖိတ်ကြားကာ အတူတကွ ပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက် စီစဉ် ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။
အစီအစဉ်အတွင်း
🔸 CVT သင်တန်းကျောင်းအကြောင်း မိတ်ဆက်တင်ပြခြင်း
🔸 Modern Furniture Technician Training Program အကြောင်း အသေးစိတ်ရှင်းလင်းခြင်း
တို့ကို ဆရာ/ဆရာမများမှ ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါရှင်းလင်းပွဲသို့ လုပ်ငန်းရှင် ၁၄ ဦး တက်ရောက်ခဲ့ပြီး မိမိတို့၏ လုပ်သားများကို အလုပ်သင်အဖြစ် လွှတ်ပို့ရန် စိတ်ဝင်စားကြောင်း ပြောကြားခဲ့ကြပါသည်။
ဆက်လက်၍ တက်ရောက်သူများအား အစားအသောက်ဖြင့် ဧည့်ခံကာ အမေးအဖြေကဏ္ဍကို ဆောင်ရွက်ခဲ့ပြီး နောက်ဆုံးတွင် လက်တွေ့သင်တန်းခန်းမများအား လှည့်လည်ကြည့်ရှုနိုင်ရန် စီစဉ်ပေးခဲ့ပါသည်။
Public–Private Partnership ဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် လုပ်ငန်းရှင်များ၊ သင်တန်းသားများနှင့် CVT တို့အတွက် အောင်မြင်မှုရလဒ်များကို ပိုမိုတိုးတက်စေမည်ဟု ယုံကြည်ပါသည်။
#cvt
#centerforvocationaltraining
#furniture
#furnituretechnician



