Rotary Club of River Ayeyarwady (RCRA) နှင့် Center for Vocational Training (CVT) တို့၏ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့ ည ၈ နာရီတွင် ရန်ကုန်မြို့၊ ပြည်လမ်းရှိ Novotel Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါနားလည်မှုစာချွန်လွှာအရ နှစ်ဖက်အဖွဲ့အစည်းများ၏ အာရုံစိုက်လုပ်ငန်းနယ်ပယ်များနှင့် ကိုက်ညီသည့် ပူးပေါင်းဆောင်ရွက်မှုများကို အကောင်အထည်ဖော်သွားမည်ဖြစ်ပါသည်။ ပူးပေါင်းဆောင်ရွက်မှုများတွင်—

  • အကျိုးတူစီမံကိန်းများကို ပူးပေါင်းအကောင်အထည်ဖော်ခြင်း
  • အရင်းအမြစ်များ၊ ကျွမ်းကျင်မှုများနှင့် သတင်းအချက်အလက်များ မျှဝေခြင်း
  • အသက်မွေးဝမ်းကျောင်းပညာနှင့် လုပ်ငန်းခွင်ဝင်ရန် လိုအပ်သည့် ကျွမ်းကျင်မှုများ မြှင့်တင်ပေးခြင်း
  • လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ၊ အလုပ်သင်နှင့် လုပ်ငန်းခွင်အတွေ့အကြုံများ ဖန်တီးပေးခြင်း
  • အခြေခံပညာ၊ စာတတ်မြောက်ရေးနှင့် ဘဝကျွမ်းကျင်မှုများ ဖွံ့ဖြိုးတိုးတက်စေခြင်း
  • လူထုအသိပညာပေးရေး၊ လူမှုအသိုက်အဝန်းဖွံ့ဖြိုးရေးနှင့် အသက်မွေးဝမ်းကျောင်းတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း
  • သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ခြင်း
  • ပညာသင်ဆု၊ အလုပ်သင်နှင့် လူမှုအကျိုးပြုစီမံကိန်းများအတွက် ရန်ပုံငွေရှာဖွေခြင်းနှင့် မိတ်ဖက်ဆက်ဆံရေးများ ဖော်ဆောင်ခြင်း
    တို့ ပါဝင်မည်ဖြစ်ပါသည်။

နားလည်မှုစာချွန်လွှာကို RCRA ၏ President ဦးဟန်လင်းအောင်နှင့် CVT ၏ အမှုဆောင်အရာရှိချုပ် ဒေါ်ခင်မြတ်စန္ဒာတို့က လက်မှတ်ရေးထိုးခဲ့ကြပြီး၊ အသိသက်သေများအဖြစ် RCRA ၏ President Elect ဦးမင်းမင်းထွန်းနှင့် CVT မှ Director ဒေါ်သွေးသွေးမောင်တို့က အသီးသီး လက်မှတ်ရေးထိုးခဲ့ကြပါသည်။

ဤနားလည်မှုစာချွန်လွှာမှတစ်ဆင့် စက်မှုလုပ်ငန်းများ၏ လိုအပ်ချက်များနှင့် ကိုက်ညီသည့် ကျွမ်းကျင်လုပ်သားများကို လေ့ကျင့်မွေးထုတ်ပေးနိုင်ရေးအတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကို အကောင်အထည်ဖော်ရန် ခိုင်မာသောအခြေခံအုတ်မြစ်တစ်ရပ်ကို တည်ဆောက်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါသည်။

mou with RCRA
mou with RCRA
mou with RCRA