ရွှေသဘာဝဓါတ်ငွေ့စီမံကိန်း၏ ပံ့ပိုးကူညီမှုဖြင့် Center for Vocational Training (CVT) မှ Electrical and Solar Installation Course သင်တန်းကို ၂၀၂၆ ခုနှစ် မေလ ၂၅ ရက်နေ့တွင် CVT Training Center (အမှတ် 151, Tech Park, လှိုင်မြို့နယ်) တွင် အောင်မြင်စွာ ဖွင့်လှစ်ခဲ့ပါသည်။
သင်တန်းသား ၂၀ ဦး တက်ရောက်လျှက်ရှိပြီး သင်တန်းနှင့်ပတ်သက်သောအကြောင်းအရာများ သင်ရိုးညွှန်းတမ်းများ လက်တွေ့အသုံးချမှုများ နှင့် သင်တန်း၏ ရည်ရွယ်ချက်များ ကို CVT မှ ရှင်းလင်းပြောကြားပြီး နှင့် ရွှေသဘာဝဓါတ်ငွေ့စီမံကိန်းမှ တာဝန်ရှိသူများမှလည်း သင်တန်းပေးအပ်ခြင်းအကြောင်းများကို တက်ရောက်သူများအား ရှင်းလင်းပြောကြားခဲ့ပါသည်။
သင်တန်းကာလသည် ရက် ၅၀ ကြာမြင့်မည်ဖြစ်ပြီး ၂၀၂၆ ခုနှစ် ဇွန်လ ၃၁ ရက်နေ့တွင်ပြီးစီးမည် ဖြစ်ပါသည်။ ယခုသင်တန်းကို ပံ့ပိုးကူညီပေးခဲ့သော ရွှေသဘာဝဓါတ်ငွေ့စီမံကိန်း အား အထူးကျေးဇူးတင်ရှိပါသည်။









