Young Entrepreneurship for Myanmar (YE4M- Batch 21), Certification Ceremony

Center for Vocational Training-CVT မှ ဖွင့်လှစ်သော ၂၁ ကြိမ်မြောက် စွန့်ဦးတီထွင် လူငယ်လုပ်ငန်းရှင် သင်တန်း ဆင်းပွဲ ကို ၃၀.၃.၂၀၂၄ (စနေနေ့) တွင် SEEDS Restaurant & Lounge ၌ ပြုလုပ်ကျင်းပခဲ့ပါသည်။

အခမ်းအနားအား ပထမဦးစွာ အနေဖြင့် CVT ၏ CEO ဒေါ်ခင်မြတ်စန္ဒာမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး YE4M ၏ Trainer တစ်ဦးဖြစ်သူ ဦးအောင်မင်း မှ Certificates လက်မှတ်ရ သင်တန်းသား သင်တန်းသူများအား ဂုဏ်ပြုစကားပြောကြားခဲ့ပြီး သင်တန်းဆင်းလက်မှတ်များ အသီးသီး ပေးအပ်ခဲ့ပါသည်။

ထို့နောက် SEEDS Restaurant & Lounge မှ Ms. Lucia Eppisser မှ သင်တန်းဆင်းများအား အမှတ်တရ စကား ပြောကြားကာ သင်တန်းဆင်းကျောင်းသားတစ်ဦးမှလည်း ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့ပါသည်။

ဆက်လက်၍ CVT Board အဖွဲ့ဝင် ဆရာ ဦးညီညီ မှ ယနေ့ Young Entrepreneurship for Myanmar (YE4M) သင်တန်းဆင်းပွဲ အခမ်းအနား ဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ကူညီပံ့ပိုးပေးသော SEEDS Restaurant & Lounge အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပါသည်။

ထို့နောက် အစားသောက်များ ကျွေးမွေး ၔည့်ခံခြင်း၊ အမှတ်တရ ဓါတ်ပုံများ ရိုက်ကူးခြင်း များဖြင့် အခမ်းအနား အား အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။