CVT မှ သင်တန်းအစီအစဉ်တစ်ခုအဖြစ် “The Art of Selling” သင်တန်းကို နိုင်ငံ ၁၃ ခု တွင် အရောင်းပညာရှင် ရာချီကို လေ့ကျင့်သင်ကြားပေးခဲ့သော ဆရာ ဦးမျိုးသန်း (Strategic Leader, Board-Level People, Business and Culture) မှ ၂၀၂၆ မေလ ၂၉ ရက်မှ ၃၀ ရက်အထိ Summit Parkview Hotel တွင် သင်တန်းသား ၁၂ ဦးဖြင့် ဖွင့်လှစ်ခဲ့ပါသည်။
ဤသင်တန်းတွင် Sales Manager, Sales Executives နှင့် Sales Coordinator များအပါအဝင် မိမိလုပ်ငန်းတွင် ကိုယ်တိုင်အရောင်းတာဝန်ယူသူများ၊ ဟိုတယ်များတွင် အရောင်းပိုင်းတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
သင်တန်းဖွင့်ပွဲတွင် CVT အမှုဆောင်အရာရှိချုပ် ဒေါ်ခင်မြတ်စန္ဒာ မှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို တက်ရောက်သူများအား ရှင်းလင်းပြောကြားခဲ့ပါသည်၊၊ ဆက်လက်၍ ဆရာဦးမျိုးသန်းမှ သင်တန်းကာလ ၂ ရက်တာအတွင်း
- အရောင်းလုပ်ငန်းစဉ်၏ အဓိကအဆင့်များကို နားလည်သဘောပေါက်ခြင်း
- သုံးစွဲသူများနှင့် ယုံကြည်မှုရှိပြီး ရေရှည်ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ခြင်း
- သုံးစွဲသူများ လိုအပ်ချက်ကို သေချာစွာနားထောင်၍ လိုအပ်ချက်များကို ခွဲခြမ်းစိတ်ဖြာသုံးသပ်ခြင်း
- မိမိလုပ်ကိုင်သော အရောင်းလုပ်ငန်းစဥ်အားသေချာစွာရှင်းလင်းပြောကြားခြင်း
- သုံးစွဲသူများ၏ မေးခွန်းများ၊ စိုးရိမ်ပူပန်မှုများနှင့် ကန့်ကွက်ချက်များကို ထိရောက်စွာဖြေရှင်းခြင်း
- အရောင်းသဘောတူညီချက်ကို အောင်မြင်စွာ အပြီးသတ်နိုင်ခြင်း
စသည် တို့ကို သင်ကြားပေးခဲ့ပါသည်၊၊ သင်တန်းပြီးစီးသည့်နေ့တွင် အမှတ်တရ ဓါတ်ပုံများရိုက်ကူးကာ သင်တန်းကို အောင်မြင်စွာပြီးစီးခဲ့ပါသည်။
#cvt
#centerforvocationaltraining
#theartofselling



