ရန်ကုန်၊ စက်တင်ဘာ ၁၈

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း၏ ပံ့ပိုးကူညီမှုဖြင့် POSCO International Corporation နှင့် Center for Vocational Training (CVT) တို့ ပူးပေါင်းဖွင့်လှစ်ခဲ့သည့် Mobile Phone Repair၊ Air-Conditioning Maintenance နှင့် Metal & Welding သင်တန်းများ၏ သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို လှိုင်မြို့နယ်ရှိ CVT Training Center ၌ စက်တင်ဘာလ ၁၈ ရက်၊ မွန်းလွဲပိုင်း ၁ နာရီမှ ၃ နာရီအထိ အောင်မြင်စွာ ကျင်းပခဲ့သည်။

အဆိုပါ သင်တန်းဆင်းပွဲသို့ POSCO International Corporation မှ တာဝန်ရှိသူများ၊ CVT မှ တာဝန်ရှိသူများ၊ သင်တန်းဆရာများနှင့် သင်တန်းသားစုစုပေါင်း (၅၉) ဦး တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် Center for Vocational Training – CVT မှ CEO ဒေါ်ခင်မြတ်စန္ဒာ က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး၊ POSCO International Corporation မှ Director / External Relations & CSR Group ဦးအာကာအောင် က ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။ ထို့နောက် POSCO International မှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာသင်တန်းဆရာများက သင်တန်းဆင်းကျောင်းသားများအား သင်တန်းဆင်းလက်မှတ်များကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

သင်တန်းသားများကိုယ်စား Metal & Welding သင်တန်းဆင်းကျောင်းသား ကိုခန့်စည်သူကျော် နှင့် Aircon Maintenance သင်တန်းဆင်းကျောင်းသား ကိုဟန်ဇာဝင်း တို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး POSCO International Corporation နှင့် CVT မှ တာဝန်ရှိသူများ၊ ဆရာများနှင့် သင်တန်းသားများ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

အဆိုပါ သင်တန်းများမှတစ်ဆင့် လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်း အတွက် MyJobs Myanmar နှင့် ချိတ်ဆက်၍ အလုပ်အကိုင် အခွင့်အလမ်းများ လျှောက်ထားနိုင်ရန် CVT မှ Director of MarCom and Fundraising ဒေါ်သွေးသွေးမောင်မှ ရှင်းလင်းပြောကြားပေးခဲ့ပါသည်။

CVT အနေဖြင့် ယခုသင်တန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် ပံ့ပိုးပေးခဲ့သည့် POSCO International Corporation ၏ လူမှုရေးနှင့် ပညာရေးဆိုင်ရာ ကူညီပံ့ပိုးမှုများကို အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။

POSCO-Certification-Ceremony
POSCO-Certification-Ceremony
POSCO-Certification-Ceremony