မြန်မာနိုင်ငံဆောက်လုပ်ရေး ဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (MCEF) နှင့် အသက်မွေးမှု အတတ်ပညာသင်တန်းကျောင်း (CVT Myanmar ) တို့ နားလည်မှုစာချွန်လွှာ ရေးထိုးပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ် ဇွန်လ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် MCEF အသင်းချုပ် ခန်းမတွင် ကျင်းပခဲ့သည်။
နားလည်မှုစာချွန်လွှာ အရ လုပ်ငန်းလိုအပ်ချက်များနှင့် ကိုက်ညီသည့် ကျွမ်းကျင်မှုရှိသော သင်တန်းဆင်းများ၊ အလုပ်အကိုင်ဘွဲ့ရများ မွေးထုတ်ပေးနိုင်ရန် သက်မွေး ပညာရပ်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်ရန်၊ ပူးတွဲသုတေသနပရောဂျက်များ၊ အလုပ်ရုံဆွေးနွေးပွဲများ နှင့် ကျောင်းသားများ အတွက် ကာလတိုလေ့လာမှုများ၊ အလုပ်သင်ပရိုဂရမ်များ၊ စက်မှုလုပ်ငန်းဆိုင်ရာ သင်တန်းပို့ချခြင်း ၊ပရောဂျက်များအားအတူတကွ ပူးပေါင်းဆောင်ရွက်မှုအကောင်အထည်ဖော် သွားမည် ဖြစ်သည်။
ဤ နားလည်မှုစာချွန်လွှာကို မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ ဦးရှိန်ဝင်းနှင့် CVT Myanmar အမှုဆောင်အရာရှိချုပ် ဒေါ်ခင်မြတ်စန္ဒာ တို့ လက်မှတ်ရေးထိုးခဲ့ကြပြီး၊ အသိသက်သေအနေဖြင့် MCEF မှ အထွေထွေအတွင်းရေးမှူးချုပ် ဦးကိုကိုလေးနှင့် CVT Myanmar မှ ဒါရိုက်တာ ဒေါ်သွေးသွေးမောင်တို့မှ လက်မှတ်ရေးထိုးခဲ့ကြသည်။ ဤနားလည်မှုစာချွန်လွှာမှသည် စက်မှုလုပ်ငန်းများအတွက် လိုအပ်သော အလုပ်အကိုင်ဈေးကွက် လိုအပ်ချက်များနှင့် ကိုက်ညီသည့် ကျွမ်းကျင်မှုမြင့်မားသောကျွမ်းကျင်လုပ်သားများလေ့ကျင့်မွေးထုတ်ပေးနိုင်ရေး ပူးပေါင်း ဆောင်ရွက်မှု ကို အကောင်အထည်ဖော်ရန် အခြေခံအုတ်မြစ် တစ်ခု အဖြစ် ဂုဏ်ယူစွာ သတ်မှတ် နိုင်ခဲ့ပါသည် ၊၊
