ဆွစ်ဇာလန်နိုင်ငံသား စွန့်ဦးတည်ထွင်စီးပွားရေးလုပ်ငန်းရှင် Mr. Peter Blaser သည် Blaser Swisslube AG ၏ အမှုဆောင်အရာရှိချုပ်ဟောင်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး မြန်မာနိုင်ငံရှိ အသက်မွေးဝမ်းကြောင်း အတတ်ပညာသင်တန်းကျောင်း (CVT Myanmar) အတွက် အထောက်အပံ့ များစွာပေးခဲ့သူ တစ်ဦး ဖြစ်ပါသည်။ Foundation မှတဆင့် မြန်မာလူငယ်များအတွက် အသက် မွေးပညာနှင့် လက်တွေ့ကျွမ်းကျင်မှုများကို တိုးတက်စေရန် အထောက်အကူများစွာ ပြုခဲ့ပါသည်။

သူ၏ မေတ္တာတရားနှင့် ပညာရေးအတွက် အလှူအတန်းများသည် မြန်မာနိုင်ငံ၏ အသက်မွေးပညာရေး လောကတွင် အရေးပါသည့် အကျိုးသက်ရောက်မှုများစွာရှိခဲ့ပါသည်။ ၂၀၂၆ မတ်လ ၆ ရက်နေ့တွင် CVT သင်တန်းကျောင်း မှ Mr. Blaser ကွယ်လွန်ခြင်းအတွက် အောက်မေ့ဖွယ် တစ်လပြည့် အခမ်းအနားကို ကျင်းပခဲ့ပြီး CVT မှ စီမံအုပ်ချုပ်သူများ၊ ဆရာဆရာမများ ၊ မိတ်ဖက်များ က သံဃာတော်များအား နေ့ဆွမ်းနှင့် လှူဖွယ်ပစ္စည်း များကို ဆက်ကပ်လှူဒါန်း ခြင်းနှင့် ဆည်းဆာရိပ် ဘိုးဘွားရိပ်သာတွင် ဘိုးဘွားများအတွက် တစ်ရက်စာ ဆွမ်းအလှူဒါန လှူဒါန်းခဲ့ပြီး အမျှဝေ သာဓုခေါ်ဆိုခဲ့ကြပါသည်။ ထို့နောက် တက်ရောက်သူများကို သူ၏ ဆောင်ရွက်ခဲ့သော လုပ်ငန်းများနှင့် အထောက်အပံ့များကို မိတ်ဆက်ပြသခဲ့ပါသည်။

Mr. Blaser ၏ ရည်မှန်းချက်များ၊ မေတ္တာတရားများနှင့် ပညာရေးအတွက် အလှူအတန်းများသည် CVT Myanmar ၏ ရည်ရွယ်ချက်ကို ယနေ့ထိ အားပေးကူညီနေပြီး၊ ပညာရေးနှင့် စက်မှု လက်မှု လုပ်ငန်း ကြားချိတ်ဆက်ပေးနိုင်သည့် အကျိုးဆက်အဖြစ် ဆက်လက်တည်ရှိနေမည် ဖြစ်ပါသည်။

#cvt
#centerforvocationaltraining

memorial for Mr. Blaser
memorial for Mr. Blaser
memorial for Mr. Blaser
memorial for Mr. Blaser
memorial for Mr. Blaser
memorial for Mr. Blaser