၂၇.၁၀.၂၀၂၅ တွင် လှိုင်မြို့နယ် ယောဂီကျောင်းလမ်းရှိ CVT သင်တန်းကျောင်းသို့ ASEAN Chambers Human Resources Working Group (HRWG) ဥက္ကဌ ဦးမျိုးသန်းနှင့် အဖွဲ့ဝင်များ CVT သို့လာရောက်လေ့လာခဲ့ကြပါသည်။ ပထမဦးစွာ CVT ၏အမှုဆောင်အရာရှိချုပ် ဒေါ် ခင်မြတ်စန္ဒာမှ နှုတ်ခွန်းဆက်စကားများပြောကြားပြီး CVT သင်တန်း အစီအစဉ်များနှင့် နောင်အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကိုလည်း တင်ပြဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် ဦးမျိုးသန်း မှ လက်ရှိတက်ရောက်နေသော F&B and Bartending ကျောင်းသားလူငယ်များကို “Leadership & Talent in Transition, building for Tomorrow “ခေါင်းစဥ်ဖြင့် မျှဝေပြောကြားပေးခဲ့ပါသည်။ ဦးမျိုးသန်း မျှဝေခဲ့သော အကြောင်းအရာများသည် ကျောင်းသားလူငယ်များအတွက် အားအင်များစွာ ဖြစ်စေခဲ့သည့်အတွက် CVT မှကျေးဇူးတင်ရှိပါသည်။ CVT သည် မြန်မာနိုင်ငံနှင့် အာဆီယံဒေသအတွင်းရှိ လူငယ်များ၏ အနာဂတ်အတွက် တန်ဖိုးမြှင့် တင်ရန်နှင့် စီးပွါးရေးလုပ်ငန်းများပိုမိုထိရောက်ပံ့ပိုးပေးနိုင်ရန်အတွက် ယခုကဲ့သို့ စီးပွါးရေး Chamber များနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

HRWG
HRWG
HRWG