ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းအတွက် POSCO International Corporation ၏ ပံ့ပိုးကူညီမှုဖြင့် Center for Vocational Training -CVT မှ Electrical & Solar Installation အပတ်စဥ်- ၂ သင်တန်း ကို လှိုင်မြို့နယ်၊ အမှတ် (၁၅၁)၊ Tech Park၊ ယောဂီကျောင်းလမ်း ရှိ CVT Training Center နှင့် Metal & Welding အပတ်စဥ်- ၂ သင်တန်းကို တောင်ဒဂုံမြို့နယ်၊ အမှတ် (၄၈၉/၄၉၀)၊ စက်မှု (၈) လမ်း၊ ၁၄၄ ဇုန် တွင် ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့ တွင် အသီးသီး အောင်မြင် စွာ ဖွင့်လှစ်ခဲ့ပါသည်။

သင်တန်းဖွင့်ပွဲတွင် POSCO International Corporation သင်တန်းမှ တာဝန်ရှိသူများ၊ CVT မှ တာဝန်ရှိ သူများကသင်တန်းကျောင်းအကြောင်းမိတ်ဆက်ပေးခြင်း၊သင်တန်း၏ရည်ရွယ်ချက်များ၊ သင်ရိုးညွှန်း တမ်း အကြောင်းအရာများ၊ လက်တွေ့သင်ကြားမည့် အစီအစဉ် များနှင့်သင်တန်းပြီးဆုံးပါက ရရှိနိုင်မည့် ကျွမ်းကျင်မှုများကို ရှင်းလင်းမျှဝေခဲ့ပါသည်။

Electrical & Solar Installation သင်တန်းကာလမှာ ၁၀ ပတ် ကြာ မြင့်မည်ဖြစ်ပြီး Metal & Welding သင်တန်းကာလ သည် ၅ ပတ်ကြာဖွင့်လှစ်သွားမည်ဖြစ်ပါသည်၊၊

CVT အနေဖြင့် ယခုသင်တန်းများမှတစ်ဆင့် သင်တန်းသားများအား အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်စေရန်နှင့် လုပ်ငန်းခွင်တွင် တိုက်ရိုက်အသုံးချနိုင်မည့် နည်းပညာဆိုင်ရာ အသိပညာများနှင့် လက်တွေ့ကျွမ်းကျင်မှုများ ရရှိစေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိပါသည်။

ဤသင်တန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် ပံ့ပိုးကူညီပေးခဲ့သည့် ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်း- POSCO International Corporation ၏ လူမှုရေးနှင့်ပညာရေးအကျိုးဆောင်မှု အား CVT မှ အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။