CVT ၏ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်၊ အလုပ်အပေါ်ထားရှိသည့် ကျင့်ဝတ်နှင့် ပရော်ဖက်ရှင်နယ် စိတ်နေစိတ်ထားများ ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်၍ Management & Leadership: Building Strong Work Ethics and Professional Attitude သင်တန်းကို ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့တွင် CVT Training Center (အမှတ် ၁၅၁၊ Tech Park၊ လှိုင်မြို့နယ်) ၌ ဖွင့်လှစ်ကျင်းပခဲ့ပါသည်။

သင်တန်းဖွင့်ပွဲသို့ CVT အမှုဆောင်အရာရှိချုပ် ဒေါ်ခင်မြတ်စန္ဒာနှင့်အတူ CVT မှ ဝန်ထမ်းများ၊ သင်တန်းဆရာ/ဆရာမများ တက်ရောက်ခဲ့ကြပြီး ဆရာ ဦးအောင်မင်းမှ သင်ကြားပို့ချပေးခဲ့ပါသည်။

အဆိုပါသင်တန်းတွင် – စီမံခန့်ခွဲမှုနှင့် လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်နိုင်ရေး၊ ခေါင်းဆောင်မှုဆိုင်ရာ အရည်အချင်းများ ဖွံ့ဖြိုးတိုးတက်ရေး နှင့် လုပ်ငန်းခွင်တွင် ထားရှိသင့်သော ပရော်ဖက်ရှင်နယ် စိတ်နေစိတ်ထားများ Emotional Intelligence (EQ) နှင့် မိမိနှင့် အခြားသူများ၏ စိတ်ခံစားချက်များကို နားလည်စီမံခန့်ခွဲနိုင်ရေး၊ အဖွဲ့အစည်းအတွင်း ကောင်းမွန်သော ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေး စသည့် အကြောင်းအရာများကို ဆွေးနွေးသင်ကြားပို့ချပေးခဲ့ပါသည်။

ထို့အပြင် “Working Attitudes CVT Staff Should Have” ခေါင်းစဉ်ဖြင့် အုပ်စုလိုက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး CVT ဝန်ထမ်းများအနေဖြင့် လုပ်ငန်းခွင်တွင် ထားရှိသင့်သည့် တာဝန်ယူမှု၊ စည်းကမ်းလိုက်နာမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ အပြုသဘောဆောင်သော စိတ်နေစိတ်ထားနှင့် ဝန်ဆောင်မှုစိတ်ဓာတ်များအကြောင်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါသင်တန်းသည် CVT ဝန်ထမ်းများအား အဖွဲ့အစည်း၏ တန်ဖိုးများနှင့် ကိုက်ညီသည့် လုပ်ငန်းခွင်ကျင့်ဝတ်များ၊ ပရော်ဖက်ရှင်နယ် စိတ်နေစိတ်ထားများကို ပိုမိုနားလည်ကျင့်သုံးနိုင်စေရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်း ဖြစ်ပါသည်။

ယခုကဲ့သို့ အကျိုးရှိသော သင်တန်းကို စေတနာထား၍ သင်ကြားပို့ချပေးခဲ့သည့် ဆရာ ဦးအောင်မင်းအား CVT မှ အထူးကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။