ILO/China Partnership Programme on Skills Development အစီအစဉ်ဖြင့် Hangzhou Technician Institute နှင့် CVT တို့ ပူးပေါင်းဖွင့်လှစ်သော Earthquake Recovery Capacity Building Training -မြေငလျင်အရေးပေါ်အကူအညီနှင့် ပြန်လည်ထူထောင်ရေး စွမ်းရည်မြှင့်သင်တန်း ကို 2025 ခုနှစ်၊ သြဂုတ်လ ၁၃၊ ၁၄ ရက် ရက်နေ့များတွင် အောက်ပါ ခေါင်းစဥ်များ ဖြင့် သင်ကြားပို့ချခဲ့ရာ INGO, NGO, CBO နှင့် အစိုးရ အဖွဲ့များမှ စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြပါသည်။

သင်တန်းတွင် ပါဝင်တက်ရောက်သူများအား –
• မြေငလျင်နောက်ပိုင်း စိတ်ပိုင်းဆိုင်ရာ ချိန်ညှိမှုနှင့် အပြန်အလှန်ကူညီမှု
• မြေငလျင်နှင့်ပတ်သက်သောအကြောင်းအရာနှင့် အန္တရာယ်အလားအလာများကို သိရှိခြင်း
• မြေငလျင်အရေးပေါ်အမိုးအကာ ပြင်ဆင်နည်းနှင့် လွတ်မြောက်ရန် တုံ့ပြန်မှုစွမ်းရည်များ
• မြေငလျင်နောက်ပိုင်း ရောဂါကူးစက်မှုကာကွယ်ခြင်းနှင့် ထိန်းချုပ်မှု စသောအကြောင်းအရာ များကို နိုင်ငံတကာ ပညာရှင်များမှ ဝေမျှပေးခဲ့ပါသည်။

သင်တန်းကို တက်ရောက်သူ များထဲမှ ၄၅ ဦး အား Certificate များလည်း ချီးမြှင့်ပေးအပ်ခဲ့ပါသည်၊၊ နောင်တွင်လည်း CVT မှ ထိုကဲ့သို့ အကျိုးရှိသင်တန်းများစွာကို ဆက်လက်ဖိတ်ခေါ် ဝေမျှပေးသွားမည်ဖြစ်ပါသည်။

#cvt
#centerforvocationaltraining
#earthquake

Earthquake Recovery Training
Earthquake Recovery Training
Earthquake Recovery Training