၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် လှိုင်မြို့နယ် ယောဂီကျောင်းလမ်းရှိ CVT သင်တန်းကျောင်း သို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာ မျိုးညွန့် နှင့် စီမံခန့်ခွဲအုပ်ချုပ်သူများ၊ ရုံးအဖွဲ့ဝင် များ လာရောက်လေ့လာခဲ့ကြပါသည်။
CVT အမှုဆောင်အရာရှိချုပ် ဒေါ်ခင်မြတ်စန္ဒာ မှ ဧည့်သည်တော်များအား ကြိုဆိုနှုတ်ခွန်းဆက်ကာ CVT သမိုင်းကြောင်း ကိုရှင်းလင်းပြောကြားခဲ့ပြီး လက်ရှိလုပ်ဆောင်နေသော သင်တန်းအစီအစဉ် များနှင့် နောင်အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို တင်ပြဆွေးနွေးခဲ့ပါ သည်။ ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်းဘက်မှလည်းကြက်ခြေနီအသင်း ဝင်များအတွက် သင့်တော်မည့် သက်မွေးသင်တန်းများအကြောင်းများမေးမြန်းဆွေးနွေးခဲ့ပြီး CVT ၏လက်တွေ့လေ့ကျင့်ရေး သင်တန်းခန်းမ ကိုလှည့်လည်ကြည့်ရှုကာ ပူးပေါင်းလုပ်ဆောင်နိုင် မည့်စီမံကိန်းအသေးစိတ်ကို ၂၀၂၆ ခုနှစ် ဖေဖဝါရီလအစောပိုင်းတွင် ထပ်မံဆွေးနွေးရန် သဘောတူညီခဲ့ကြ ပါသည်။ ထို့နောက် အမှတ်တရ လက်ဆောင်များပေးအပ်ကာ အစည်းအဝေးအောင်မြင်စွာပြီးစီးခဲ့ပါသည်။
#cvt
#centerforvocationaltraining






