မြန်မာလူငယ်များအတွက် အသက် မွေးဝမ်းကျောင်းပညာ ဖွံ့ဖြိုးတိုးတက်စေရန် နှင့် ပြည်တွင်းစီးပွားရေး လုပ်ငန်းများ အား အထောက်အကူပြုစေရန် ရည်ရွယ်၍ Centre for Vocational Training (CVT) နှင့် Malaysia-Myanmar Business Chamber (MMBC) ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် ကို ၂၀၂၅ စက်တင်ဘာလ ၃၀ ရက်နေ့ Myanmar Center – 2 တွင် MMBC ဖက်မှ Mr. Siva Prakash-President ၊ Ms. Shirley – Chamber Manager နှင့် CVT မှ ဒေါ်ခင်မြတ်စန္ဒာ-Chief Executive Officer ၊ ဒေါ်ခင်မာအေး-Guarantor ၊ ဒေါ် သွေးသွေးမောင် Director, Head of MarCom & Fundraising တို့ တက်ရောက်ပြီး လက်မှတ်ရေးထိုးခဲ့ကြပါသည်။
အဆိုပါသဘောတူစာချုပ်သည် ၃ နှစ်သက်တမ်းရှိပြီးပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေခံစနစ် တစ်ရပ် ကို တည်ဆောက်ပေးမည်ဖြစ်ပါသည်။
ပူးပေါင်းဆောင်ရွက်မည့်အကြောင်းအရာများမှာ -အထွေထွေ စီးပွားရေး နှင့် လူမှုရေး အကြောင်းအရာ များ အပြန်အလှန် မျှဝေခြင်း၊ CVT ကျောင်းသား/သူများအတွက် MMBC အသင်းဝင်လုပ်ငန်း များတွင်လေ့လာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း များ ဖန်တီးခြင်း၊ MMBC ၏ အသင်းဝင်လုပ်ငန်းများမှ CSR အနေဖြင့် ပညာသင်ဆု၊ သင်ရိုးနှင့်သင်ကြားရေးကဏ္ဍများတွင် ပါဝင်ပံ့ပိုးခြင်း များပါဝင်ပါသည်။
ဤသဘောတူစာချုပ်အကြောင်းအရာများသည် ပညာရေးနှင့် စီးပွားရေးလုပ်ငန်းအကြား ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့် ပေးပြီးမြန်မာလူငယ်များအတွက် အတတ်ပညာနှင့် လုပ်ငန်းအတွေ့အကြုံများ ပိုမိုရရှိလာစေရန် ရည်ရွယ်ထားပါသည်။
မြန်မာနိုင်ငံ၏ အနာဂတ်အတွက် တန်ဖိုးရှိသောလူမှုအဖွဲ့အစည်းတစ်ခုအဖြစ်ပူးပေါင်းဆောင်ရွက်မှုသစ် ကို ဝမ်းမြောက်စွာ ကြေညာအပ်ပါသည်။


