Finnish Refugee Council (FRC) နှင့် အသက်မွေးမှုအတတ်ပညာသင်တန်းကျောင်း Center for Vocational Training (CVT) တို့ ပူးပေါင်းဖွင့်လှစ်ခဲ့သော “Retail Sales Excellence –လက်လီအရောင်းကျွမ်းကျင်သင်တန်း” ကို ၂၀၂၅ နိုဝင်ဘာလ – ဒီဇင်ဘာလ အတွင်း ဖွင့်လှစ်ခဲ့ပြီး သင်တန်းပြီးဆုံးသူ ၁၄ ဦးအား ၂၀၂၅ ဒီဇင်ဘာ ၄ ရက်နေ့တွင် 151 Tech Park၊ Event Hall တွင် သင်တန်းဆင်းလက်မှတ်ချီးမြှင့်ပွဲနှင့် အလုပ်အကိုင်ချိတ်ဆက်ပွဲ ကိုကျင်းပခဲ့ပါသည်။ အခမ်းအနားတွင်—
- CVT အမှုဆောင်အရာအရှိချုပ် ဒေါ်ခင်မြတ်စန္ဒာ မှ အဖွင့်မိန့်ခွန်းစကားပြောကြားခဲ့ပြီး၊
- FRC Country Director ဒေါ်စုစုဌေး မှ သင်တန်းဆင်းများအား ဂုဏ်ပြုစကားပြောကြားခဲ့ပါသည်။
ထို့နောက် သင်တန်းဆင်းလက်မှတ်များကို CVT -အမှုဆောင်အရာအရှိချုပ် ဒေါ်ခင်မြတ်စန္ဒာ၊ FRC ၏ Country Director ဒေါ်စုစုဌေး နှင့် CVT ၏ Guarantor ဒေါ်ခင်မာအေး တို့မှ ချီးမြှင့်ပေးခဲ့ပါသည်။
ထို့ နောက် သင်တန်းဆင်း ကျောင်းသူ မထူးထူးမွန် မှ သင်တန်းသား/သူများကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ သင်တန်းဆင်းလက်မှတ်ပေးအပ်ပြီးနောက် မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ပြီး
ဖိတ်ကြားထားသော အလုပ်အကိုင် Agency များ –
- MyJobs Myanmar
- AMARA Consulting
လုပ်ငန်းရှင် ကုမ္ပဏီများဖြစ်ကြသော
- A Sure/XtraSure Company
- Capital Retails
- Shwe Moe Stationery & Bags
- Edulink Myanmar
တို့မှ တာဝန်ရှိသူများသည် သင်တန်းဆင်းများ သိလိုသော အလုပ်အကိုင်ချိတ်ဆက်မှုအကြောင်းအရာများ၊ လျှောက်ထား နိုင်သော အလုပ်ရာထူးများ၊ အလုပ်လျှောက်ရာတွင်လိုအပ်မည့်အချက်များ ကိုရှင်းလင်းပြောကြား၍ အလုပ်လျှောက်လို သည့်သင်တန်းသားများနေဖြင့် လျှောက်ထားလိုသော အလုပ်လျှောက်လွှာများကိုလက်ခံခြင်း၊ အလုပ်နှင့်ပါတ်သတ်၍ သိလိုသည်များကို မေးမြန်းဆွေးနွေးခြင်းတို့ ပြုလုပ်ပြီး အခမ်းအနားကိုအောင်မြင်စွာကျင်းပခဲ့ပါသည်။












