၂၀၂၅ ခု ဧပြီလ ၆ ရက်နေ့ တွင် ရန်ကုန်မြို့ရှိ Mercure Hotel တွင် Work-Based Learning (WBL) လုပ်ငန်းခွင်အခြေပြုသင်ကြားသင်ယူမှုစနစ်ဖြင့် ချန်ပီယံများ မွေးထုတ် ပေးခြင်း သင်တန်း တတိယ အပတ်စဥ် တက်ရောက်ခဲ့သူများမှ သင်တန်း ဆင်းပြီးနောက် WBL မူဝါဒ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ် များရေးဆွဲရာတွင်လည်းကောင်း အကောင်အထည် ဖော်ရာ တွင်လည်းကောင်း တွေ့ကြုံရသည့် စိန်ခေါ်မှုများနှင့် ညှိနှိုင်းမှုများ/ ကုစားမှုများ/ ကျော်လွှား အောင်မြင်မှုများ အား WBL Champions အချင်းချင်း မျှဝေသည့် “Reflection and Learning Workshop” ကို ကျင်းပခဲ့ရာ မိတ်ဖက်အဖွဲ့အစည်းမှ တာဝန်ရှိသူများ၊ CVT မှ တာဝန်ရှိသူများ၊ တတိယအပတ်စဥ်သင်တန်းဆင်းခဲ့ကြသူ WBL Champions များ တက်ရောက် ခဲ့ကြပါသည်။ သင်တန်းဖွင့်ပွဲတွင် CVT – CEO ဒေါ်ခင်မြတ်စန္ဒာ မှ ကြိုဆိုနှုတ်ခွန်းဆက် စကားနှင့် workshop ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ ပြောကြားခဲ့ပြီး workshop ၏ အစီအစဥ် များအတိုင်း အဖွဲ့ ၃ ဖွဲ့ခွဲ၍ policy ရေးဆွဲခြင်းနှင့်အကောင်အထည်ဖော်ရာတို့တွင် မိမိတို့ကြုံတွေ့ ခဲ့ကြသည့် စိန်ခေါ်မှုများနှင့် ဖြတ်သန်းလုပ်ဆောင်မှုများကို တဖွဲ့ချင်း အသီးသီး မျှဝေပေးခဲ့ကြပါသည်။ တက်ရောက်လာသူများထဲ မှ ဆရာ ဦးအောင်မင်း၊ ဆရာ ဦးကိုကိုနိုင်နှင့် ဆရာ ဆရာမများမှ ဖြည့်စွက် ဆွေးနွေးခဲ့ ကြပါသည်။ ထို့နောက်တက်ရောက်လာသူ WBL Champions များမှ CVT ဖြင့် ပူးပေါင်းဆောင်ရွက်မည့် အခွင့်အလမ်း များ အတွက် QR code ကို scan ဖတ်ကာဖြေကြားပေးခဲ့ကြ ပါသည်။ ထို့နောက် တဖွဲ့ချင်းစီဆွေးနွေးချက်များပေါ် အခြေခံ၍ CVT မှ HoMF ‌ဒေါ်သွေးသွေးမောင်မှ ခြုံငုံသုံးသပ် ပြောကြားခဲ့ပြီး မှတ်တမ်းတင်ပုံများ ရိုက်ကူးကာ အခမ်းအနား အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။