၂၀၂၅၊ ဇွန်လ ၁၀ ရက်နေ့ တွင် CVT -Center for Vocational Training ၏ နှစ်ဝက်ဘုတ်အဖွဲ့ဝင် အစည်းအဝေးကို The Moon Gallery Café ၌ မနက် ၁၀:၀၀ မှ ၁၂:၀၀ ထိကျင်းပခဲ့ ပါသည်။ အစည်းအဝေးသို့ CVT Board အဖွဲ့ဝင်များ စီမံအုပ်ချုပ်သူများ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် CVT CEO ဒေါ်ခင်မြတ်စန္ဒာ မှ တက်ရောက်သူများ အားကြိုဆိုပြီး ၂၀၂၄-၂၀၂၅ လုပ်ငန်းဆောင်ရွက်မှုအနှစ်ချုပ်ကိုတင်ပြခဲ့ပါသည်။ CVT ၏ ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်အတွက် ဦးတည်ချက် များဖြစ်သော ရှင်သန်ရေး၊ဘေးကင်းလုံခြုံရေးနှင့်တည်တံ့ခိုင်မြဲရေး တို့နှင့်အတူ CVT ၏ ကျောင်းသားဟောင်များ၊မိတ်ဖက်ဟောင်းများနှင့်မိတ်သစ်များပါဝင်သော CVT ၏ကွန်ယက်ပိုမိုဖြန့်ကြက်နိုင်ရေး၊ CVT-E4Y နှင့်Further Education ရှေ့ဆက်အစီအစဉ်များကိုလည်း ပြောကြားခဲ့ပါသည်။ လတ်တလောတွင် UN Agencies များနှင့်ပူးပေါင်းကာ ကျွမ်းကျင်မှုသင်တန်း များမှတဆင့်လူနေမှုဘဝနှင့်ကြံခိုင်မှု စွမ်းရည် များ မြှင့်တင်ပေးခြင်းအစီအစဥ် အနေဖြင့် မြို့နယ် ၈ မြို့ နယ်ဦးစားပေးပြီးတနိုင်ငံလုံး ရှိ လူငယ်လူရွယ်များနှင့် အမျိုးသမီးများ(အသက် ၁၈ မှ ၄၅ နှစ်အတွင်း)ကို သက်မွေးသင်တန်း များ ပေးအပ်ရန် စီစဉ်ထားရှိကြောင်း ပြောကြားခဲ့ပါသည်။ CVT ၏ Workshop ပိုင်းတွင် Welding and Machining သင်တန်းအတွက် GIE -Global Infrastructure Engineering Company Limited နှင့်ပူးပေါင်း၍ ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေပြီး၊ Furniture Making နှင့် Electrical Installation သင်တန်းများကို ၁၅၁ Tech Park တွင် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ် ကြောင်းပြောကြား သည်။ ထို့နောက် ဌာန အသီးသီးမှ ဒါရိုက်တာများမှလည်း မိမိတို့ နှင့် သက်ဆိုင်ရာကဏ္ဍများကို ရှင်းလင်းပြောကြားကြ ခဲ့ပါသည်။ တက်ရောက်လာကြသူ Board Member များမှလည်း လိုအပ်သည်များကို အကြံပြုခဲ့ ကြပြီး အမှတ်တရဓါတ်ပုံများရိုက်ခဲ့ကြပြီး အစည်းအဝေးအောင်မြင်စွာပြီးဆုံးခဲ့ပါသည်။

