Center for Vocational Training (CVT) သည် HEINEKEN Myanmar နှင့် ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများဖြစ်သည့် Food and Beverage (F&B) Service နှင့် Bartending သင်တန်းများအတွက် သင်တန်းသားများ ရွေးချယ်နိုင်ရန် ၂၀၂၅၊ စက်တင်ဘာလ ၂ ရက်နေ့ တွင် လူတွေ့စစ်ဆေးခြင်းကို ပြုလုပ်ခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲကို လှိုင်မြို့နယ်ရှိ CVT သင်တန်းကျောင်းတွင် ကျင်းပခဲ့ပြီး သင်တန်းအကြောင်းအရာများ၊ CVT နှင့် HEINEKEN Myanmar တို့၏ ရည်ရွယ်ချက်များ၊ သင်တန်းကာလနှင့် အချိန်ဇယားများအပြင် သင်တန်းပြီးဆုံးပါက Heineken ၏ မိတ်ဖက်စီးပွားရေးလုပ်ငန်း များတွင် ရရှိနိုင်မည်အလုပ်အကိုင်အခွင့်အလမ်း များ အကြောင်းကို အဖွဲ့သုံးဖွဲ့ခွဲ၍ သင်တန်း လျှောက်ထားသူများကို
အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပါသည်။
သင်တန်းတက်ရောက်ရန် သတ်မှတ်ချက်များနှင့် ကိုက်ညီသော သူများအား သင်တန်း ဖွင့်ရက် ၂၀၂၅၊ စက်တင်ဘာလ ၁၅ ရက်နေ့ မတိုင်ခင်အကြောင်းကြားပေးသွားမည်ဖြစ်ပါသည်။

HEINEKEN Myanmar
HEINEKEN Myanmar
HEINEKEN Myanmar