Center for Vocational Training (CVT) သည် ၈-၂-၂၀၂၆ ရက်နေ့တွင် ရန်ကုန်မြို့ အလုံလမ်းရှိ Summit Parkview Hotel ၌ Myanmar Tourism and Hospitality Human Resources Development Association (MTHRDA) နှင့် Myanmar Event Hub (MEH) တို့ ပူးပေါင်းကျင်းပသည့် Myanmar Tourism and Hospitality Summit 2026 တွင် Booth တစ်ခုဖြင့် ပါဝင်ခင်းကျင်းပြသခဲ့ပါသည်။
အခမ်းအနားတွင် CVT မှ ၂၀၂၆ ခုနှစ် Hospitality သင်တန်းအစီအစဉ်များ၊ အခြားဖွင့်လှစ်မည့် သင်တန်းများနှင့် လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများကို မိတ်ဆက်ရှင်းလင်းပေးခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကိုလည်း ဖြေကြားမျှဝေခဲ့ပါသည်။

ထို့အပြင် CVT CEO ဒေါ် ခင်မြတ်စန္ဒာမှ “Future-Ready Hospitality: Skills the Industry Demands from Young Talent” ဆွေးနွေးပွဲတွင် Moderator အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး CVT Director of Education ဒေါ် ထက်ထက်ရဲဝင်းမှ “Youth Powering Safe & Smart Hotel Properties” ခေါင်းစဉ်ဖြင့် အသိပညာမျှဝေခဲ့ပါသည်။

ထို Summit တက်ရောက်ခဲ့သော လူငယ်များအတွက် CVT မှ Director of Marketing, Communication and Fundraising ဒေါ် သွေးသွေးမောင် မှ Lucky Draw အစီအစဉ်အတွက် သင်တန်းကြေး 20% Discount Card (၁၀) ဦးအား မဲနှိုက်ရွေးချယ် ပေးအပ်ခဲ့ပါသည်။ CVT အနေဖြင့် လူငယ်များအတွက် ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးချဲ့ဖန်တီးနိုင်ခဲ့သည့် အဆိုပါ Summit တွင် ပါဝင်ခင်းကျင်းနိုင်ခဲ့ခြင်းအား ဂုဏ်ယူဝမ်းမြောက်စွာ မှတ်တမ်းတင်အပ်ပါသည်။

#cvt
#centerforvocationaltraining

Myanmar Tourism and Hospitality Summit 2026
Myanmar Tourism and Hospitality Summit 2026
Myanmar Tourism and Hospitality Summit 2026
Myanmar Tourism and Hospitality Summit 2026
Myanmar Tourism and Hospitality Summit 2026
Myanmar Tourism and Hospitality Summit 2026