၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် လှိုင်မြို့နယ်ရှိ 151 Tech Park ၌ လျှပ်စစ်ကျွမ်းကျင်မှု အတတ်ပညာ သင်တန်း (Electrician) နှင့် ပရိဘောဂပြုလုပ်မှုအတတ်ပညာသင်တန်း (Furniture Technician) များအတွက် CVT Practical Training Center – PTC ဖွင့်ပွဲ အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ပါသည်။

ဤ PTC ဖွင့်ပွဲ အခမ်းအနားကို နံနက် ၁၀:၃၀ မှ ၁၁း၃၀ ထိကျင်းပခဲ့ရာ မိတ်ဖက် အဖွဲ့အစည်း များမှ ကိုယ်စားလှယ်တော်များ၊ ဆရာ၊ ဆရာမများ နှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက် ခဲ့ကြပါသည်။

အခမ်းအနား အစီအစဉ်အရ ပထမဦးစွာ CVT ၏ အမှုဆောင်အရာရှိချုပ် (CEO) ဒေါ်ခင်မြတ်စန္ဒာ မှ ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့်အတူ လက်ရှိ CVT ၏ သင်တန်းများ မိတ်ဖက်များနှင့်လုပ်ဆောင်ချက် များ (CVT Updates) ကို ရှင်းလင်းပြောကြားပေးခဲ့ပါသည်။ ထို့နောက် Swiss Support Association မှ Ms. Marianne Schneider မှ (Keynote Speech) ပြောကြားပေးခဲ့ပါသည်။ ထို့နောက် တက်ရောက် လာသူများအားလုံး ကော်ဖီနှင့် မုန့်များ သုံးဆောင်ရင်း အပြန်အလှန် မိတ်ဖွဲ့စကား ပြောကြားခဲ့ကြ ပါသည်။

ထို့နောက် အခမ်းအနား၏ အဓိက အစီအစဉ်ဖြစ်သည့် PTC အား ဖဲကြိုးဖြတ် ဖွင့်လှစ်ခြင်း နှင့် PTC အတွင်း လှည့်လည်ကြည့်ရှုခြင်း များပြုလုပ်ကာ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးကာ အခမ်းအနား အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။

PTC Workshop Opening
PTC Workshop Opening
PTC Workshop Opening
PTC Workshop Opening
PTC Workshop Opening
PTC Workshop Opening