ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ယောဂီကျောင်းလမ်းရှိ 151-Tech Park, Event Hall တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက် (စနေနေ့) နေ့လယ် ၁ နာရီမှ ၄ နာရီအထိ Alumni Gathering Party အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားအစီအစဥ် အရ ပထမဦးစွာ အမှုဆောင်အရာရှိချုပ် (CEO) မှ အခမ်းအနားဖွင့်ပွဲ နှုတ်ခွန်းဆက်စကားနှင့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပေးခဲ့ပါသည်။ ဆက်လက်ပြီး Swiss Support Association မှ Ms. Marianne မှ မိတ်ဆက်စကားများ ပြောကြားခဲ့ပြီး ဒေါ်ထက်ထက်ရဲဝင်း နှင့် ဒေါ်သွေးသွေးမောင် တို့မှ CVT ၏ ၂၀၀၂ ခုနှစ်မှစ၍ လက်ရှိအခြေအနေများ၊ သင်တန်းများအကြောင်း၊ လုပ်ဆောင်နေသော Project များနှင့် မိတ်ဖက်အသစ်များအကြောင်းကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ကြပါသည်။

အစီအစဉ်အရ ဆရာမ ဒေါ်မြတ်မြတ်မျိုး မှ ဦးဆောင်၍ တက်ရောက်လာသူ ကျောင်းသား/ သူဟောင်းများ အား အုပ်စု ၃ စု ခွဲကာ အနာဂတ်တွင်ဖွဲ့စည်းမည့် Youth Transforming Myanmar အတွက် အဓိကထားကာအောက်ပါအချက်အလက်များဖြစ်ကြသည့်

  1. အသက်မွေးဝမ်းကျောင်းနှင့် အတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေး
  2. TEVT မိတ်ဖက်များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း
  3. ရေရှည်တည်တံ့ရေးနှင့် ရန်ပုံငွေရှာဖွေခြင်း

စသည့်ခေါင်းစဉ်(၃) ခု ကို အုပ်စုဖွဲ့ ဆွေးနွေးရင်းဖြင့် ကော်ဖီနှင့်မုန့်များ သုံးဆောင်ရင်း ကျောင်းသား/ သူဟောင်းများ အချင်းချင်း အပြန်အလှန် မိတ်ဖွဲ့ ပြောကြားကာ အဖွဲ့အလိုက် မိမိစိတ်ပါ ဝင်စား သော Committee အသီးသီးအတွက် ရင်းနှီးစွာ ဆွေးနွေးခဲ့ ကြပါသည်။ ထို့နောက် အုပ်စုတစ်စုချင်းစီမှ ၂၀၂၆ ခုနှစ်အတွက် Youth Transforming Myanmar (YTM) အတွက် Committee အသီးသီးအတွက် ရည်မှန်းချက်ပန်းတိုင်များ ချမှတ်နိုင်ရန် ဆွေးနွေးပွဲများမှ ရရှိလာသော ရလဒ်များကို စုစည်းပြီး အကြမ်းဖျင်း ပြန်လည်ဝေမျှတင်ပြခဲ့ကြပါသည်။ နောက်ဆုံးတွင် တက်ရောက်လာသူအားလုံးစုပေါင်းပြီး အမှတ်တရ ဓာတ်ပုံရိုက်ကူးပြီးအခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါတယ်။

ယခုလို ရည်ရွယ်ချက်ကောင်းမွန်ပြီး ထိရောက်သည့် ဆွေးနွေးပွဲများ ပြုလုပ်ခြင်းဖြင့် Alumni အချင်းချင်း ပိုမိုနီးစပ်စေရုံသာမကဘဲ ဖွဲ့စည်းတည်ထောင်မည့် Youth Transforming Myanmar အဖွဲ့အစည်းအတွက် ၂၀၂၆ ခုနှစ်၏ လုပ်ငန်းစဉ်များနှင့် ပန်းတိုင်များကိုပါ ခိုင်မာစွာ ချမှတ်နိုင်မည် ဖြစ်ပါသည်။

#cvt
#centerforvocationaltraining

Alumni 2025
Alumni 2025
Alumni 2025
Alumni 2025
Alumni 2025
Alumni 2025
Alumni 2025
Alumni 2025
Alumni 2025
Alumni 2025
Alumni 2025
Alumni 2025
Alumni 2025
Alumni 2025
Alumni 2025
Alumni 2025
Alumni 2025
Alumni 2025