ဇွန်လ ၉ ရက် ၂၀၂၅ တွင် Center for Vocational Training -CVT နှင့် Global Infrastructure Engineering-GIE နှစ်ဖက် ပူးပေါင်းဆောင်ရွက်ခြင်း MoU အရ ဖွင့်လှစ်ခဲ့သော အသုံးချ လျှပ်စစ်သွယ်တန်းမှုသင်တန်း (၁/၂၀၂၅ ) NSSA (National Skill Standard Authority- Level 1, Level 2) အဆင့် လေ့ကျင့်သင်ကြားပေးသည့် သင်တန်း ဆင်းပွဲကို ၂၉ ဇူလိုင်လ ၂၀၂၅ တွင် CVT Training Center ၊ အမှတ် ၁၅၁၊ Tech Park၊ ယောဂီကျောင်းလမ်း၊ လှိုင်မြို့နယ်၌ အောင်မြင်စွာကျင်းပခဲ့ပါသည်။
သင်တန်းဆင်းပွဲတွင် CVT ၏ Guarantor တစ်ဦးဖြစ်သူ ‌ဒေါ် ခင်မာအေးမှ National Skills Standard Authority -NSSA အကြောင်းရှင်းလင်းပြောကြားခဲ့ပြီး၊ CVT မှ အမှုဆောင်အရာရှိချုပ် ဒေါ်ခင်မြတ်စန္ဒာ၊ GIE မှ ဒါရိုက်တာ ‌ဒေါ် ဝင်းမိုးထွေး၊ ဒါရိုက်တာ ဦးထွန်းမင်းသန်း၊ သင်တန်းဆရာ ဦးအောင်နေဝင်းတို့မှ သင်တန်းဆင်းများကို ဂုဏ်ပြုစကားများအသီးသီး ပြောကြားခဲ့ပြီး နောက်သက်ဆိုင်ရာဆရာများမှ သင်တန်းဆင်း လက်မှတ်များကို ချီးမြှင့်ခဲ့ပြီးမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကာအခမ်းအနား အောင်မြင်စွာပြီးစီးခဲ့ပါသည်။