Center for Vocational Training – CVT နှင့် Global Infrastructure Engineering – GIE တို့ ပူးပေါင်း၍ လက်မှတ်ရေးထိုးခဲ့သော သဘောတူညီချက် (MoU) အရ၊ ဇွန်လနှင့် ဇူလိုင်လအတွင်း အမှတ် ၁၅၁၊ Tech Park၊ ယောဂီကျောင်းလမ်းတွင် ဖွင့်လှစ်သည့် အသုံးချလျှပ်စစ်သွယ်တန်းမှု သင်တန်း (၁/၂၀၂၅) ကို National Skill Standard Authority (NSSA) Level 1 နှင့် Level 2 အဆင့်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။
ဒီသင်တန်းမှ NSSA Level 1 စာမေးပွဲကို ဝင်ရောက်ဖြေဆိုခဲ့သော ကျောင်းသား ၄ ဦး –
- ကိုဇေယျာထွန်း
- ကိုကောင်းဝေယံ
- ကိုအောင်ကျော်ဇော
- ကိုဇော်မျိုးထွန်း
တို့အားလုံး အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့ကြောင်း ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် မှတ်တမ်းတင်အပ်ပါသည်။
သင်တန်းသားများအောင်မြင်နိုင်ရေးအတွက် စနစ်တကျသင်ကြားလေ့ကျင့်ပေးခဲ့သော ဆရာ ဦးအောင်နေဝင်း အားလည်း အထူးကျေးဇူးတင်ရှိပါသည်။


