၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့ (သောကြာနေ့) တွင် လှိုင်မြို့နယ် ယောဂီကျောင်းလမ်းရှိ CVT သင်တန်းကျောင်းသို့ Zanaka Education Foundation မှ ပါမောက္ခ ဒေါက်တာ ခင်မောင်လွင်၊ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ ဇော်နိုင် နှင့် Zanaka Education Foundation အဖွဲ့ဝင်များ လာရောက်လေ့လာခဲ့ကြပါသည်။ ပထမဦးစွာ CVT လက်တွေ့လေ့ကျင့်ရေးသင်တန်းခန်းမနှင့် ရုံးခန်းတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး၊ CVT ၏ အမှုဆောင်အရာရှိချုပ် ဒေါ်ခင်မြတ်စန္ဒာ မှ CVT ၂၀၀၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ဆောင်ရွက်ခဲ့သော သင်တန်းများ၊ ၂၀၂၃ ခုနှစ်နောက်ပိုင်း သင်တန်း အစီအစဉ်များနှင့် အနာဂတ်လုပ်ငန်းဦးတည်ချက်များကို အဆင့်ဆင့်ရှင်းလင်းတင်ပြခဲ့ပြီး၊ မြန်မာလူငယ်များအတွက် Zanaka Education Foundation နှင့်ပူးပေါင်းအကောင်အထည်ဖော်ရန် စီစဉ်ထားသောသင်တန်းအစီအစဥ် (၄)မျိုး နှင့် Youth Transforming Myanmar (YTM) လူငယ်ကွန်ရက် လုပ်ငန်းများအပါအဝင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအစဉ်များကို ဆက်လက်တင်ပြခဲ့ပါသည်။

Zanaka Education Foundation ဘက်မှ အထူးစိတ်ဝင်စားမှု ရှိခဲ့ပြီး အဖွဲ့အစည်းတစ်ခုတည်း သော် လည်းကောင်း၊ စီးပွားရေး လုပ်ငန်းများ နှင့် ပူးပေါင်း ၍ သော်လည်းကောင်း ပံ့ပိုးနိုင်မည် ဖြစ်ကြောင်း Zanaka Education Foundationဘက်မှ အစည်းအဝေးအတွင်း ဆွေးနွေးအကြံပြုခဲ့ ပြီး ဆက်လက်ပူးပေါင်း ဆောင်ရွက်ရန် အသေးစိတ်အစီအစဥ်များ အတွက် နားလည်မှု စာချွန်လွှာ ကို ဇန်နဝါရီ လကုန်နောက်ဆုံးထား၍ ဆွေးနွေးကြရန် သဘောတူခဲ့ကြပါသည်။

#cvt
#centerforvocationaltraining

Zanaka Education Foundation
Zanaka Education Foundation
Zanaka Education Foundation