Center for Vocational Training နှင့် ဆွစ်ဇာလန် မိတ်ဖက်အဖွဲအစည်းတစ်ခု နှင့်ပူးပေါင်း၍ Work-based Learning (WBL) လုပ်ငန်းခွင်အခြေပြုသင်ကြားသင်ယူမှုစနစ်ဖြင့် ချန်ပီယံများ မွေးထုတ် ပေးခြင်း သင်တန်း အပတ်စဥ် ၃ ခု အား ၂၀၂၄ သြဂုတ်လ မှ ၂၀၂၅ မတ်လ ထိ ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်း တက်ရောက် ပြီးစီးခဲ့သူ WBL Champions ၆၂ ဦး နှင့်အတူ ပါဝင်ပူးပေါင်း အကောင်အထည်ဖော်ဆောင် ပေးခဲ့သော company အသီးသီးအတွက် သင်တန်းဆင်းလက်မှတ်များနှင့် ဂုဏ်ပြုဆုတံဆိပ် များချီးမြှင့်ပွဲအား ၂၀၂၅ ခုနှစ်၊ မေလ ၁၈ ရက်နေ့ Park Royal Hotel တွင် ဂုဏ်ယူစွာဖြင့် နေ့လယ် ၂ နာရီမှ ၅ နာရီထိ ကျင်းပခဲ့ပါသည်။ အဆိုပါ သင်တန်းဆင်းပွဲသို့ ဖိတ်ကြားထားသောဧည့်သည်တော်များ ၊လေ့ကျင့်သင်ကြားရေး ကုမ္ပဏီများ မှ တာဝန်ရှိသူများ၊ WBL သင်တန်းနည်းပညာအကြံပေး များ သင်ရိုးညွှန်းတမ်းရေးဆွဲ ခဲ့သူ များ နှင် သင်ကြားပေးသူ ဆရာ/ဆရာမများ၊ မိတ်ဖက်အဖွဲ့အစည်းအသီးသီးမှ ဧည့်သည်တော်များနှင့် CVT စီမံခန့်ခွဲရေးအဖွဲ့ တို့ တက်ရောက်ခဲ့ကြပါသည်။
သင်တန်းဆင်းပွဲတွင် CVT – အမှုဆောင်အရာရှိချုပ် ဒေါ်ခင်မြတ်စန္ဒာ မှ နှုတ်ခွန်းဆက်စကားပြောကြား ခဲ့ပြီး အဖွင့်အမှာစကား ကို မိတ်ဖက်အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့ပါသည်။
ထို့နောက် WBL သင်တန်းအတွက် အကြံပေး များ သင်ရိုးညွှန်းတမ်းရေးဆွဲခဲ့သူများ နှင် သင်ကြားပေးသူ ဆရာ/ဆရာမများ အား CVT အမှုဆောင်အရာရှိချုပ် မှ အမှတ်တရဂုဏ်ပြုလက်ဆောင် များ ပေးအပ်ခဲ့ပါသည်၊၊ ထို့နောက် CVT Guarantors များ၊ ဆရာဆရာမများ မှ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များချီးမြှင့်ခဲ့ကြပါသည်၊၊
ထို့နောက် WBL လေ့ကျင့်သင်ကြားရေးကုမ္ပဏီများ ကိုယ်စား – Myan Shwe Pyi Company Limited (MSP Caterpillar) မှ General Manager ဦးမင်းဆွေဦးမှလည်းကောင်း၊ WBL သင်တန်းဆင်းများ အားလုံးကိုယ်စား – Concreate Master Company Limited မှ Chief Operation Officer ဒေါ်နီနီအုန်း မှလည်းကောင်း ကျေးဇူးတင်စကားများအသီးသီး ပြောကြားခဲ့ကြပါသည်။ထို့နောက် မှတ်တမ်းတင်ပုံများ ရိုက်ကူးခဲ့ကြပြီး အခမ်းအနား အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။








