Center for Vocational Training သည် UNDP နှင့်ပူးပေါင်း၍ URP (Urban Resilience Project) အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် ၈ ခု ရှိ လူငယ်လူရွယ်နှင့် အမျိုးသမီးများ အား သက်မွေးသင်တန်းများကို လုပ်ဆောင်နေပြီး အဆိုပါအစီအစဉ်ထဲမှ သင်တန်းတစ်ခုဖြစ်သော Home Gardening သင်တန်းအား အဆိုပါ 8 မြို့နယ်များ အနက် Dala (ဒလ) နှင့် Dagon Seikkan (ဒဂုံဆိပ်ကမ်း) တွင် အမျိုးသမီးများနှင့် လူငယ်များ ၆၈ ဦးကို စိုက်ပျိုးရေးသင်တန်းများအား ၎င်းတို့မြို့နယ်ရှိ ရပ်ကွက်ဓမ္မာရုံများတွင် သင်ကြားပေးခဲ့ရာ သင်တန်းသားများသည် မိမိတို့အိမ်ခြံမြေတွင် စိုက်ပျိုးရန် စိုက်ပျိုးရေး နည်းလမ်းများကို လေ့လာခဲ့ကြပြီး၊ မိမိတို့၏အိမ်တွင်း မီးဖိုချောင်လုံအောင်အတွက် အကျိုးရှိသော စိုက်ပျိုးရေးနည်းလမ်းများကိုကြိုးကြိုး စားစား သင်ယူခဲ့ကြပါသည်။ သင်တန်းနေ့ နောက်ဆုံးရက်တွေင် သင်တန်းဆင်းများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ပါသည်။






