၂၀၂၅ ခု စက်တင်ဘာလ ၂၄ ရက်တွင် HEINEKEN Myanmar ၏ပံ့ပိုးကူညီမှုနှင့် CVT မှ လူငယ် ၅၀ ကျော်အတွက် အကောင်အထည်ဖော်‌ဆောင်ရွက်ပေးသော အသက်မွေးဝမ်းကျောင်းပညာရပ်သင်တန်းများ ဖြစ်သည့် F&B Service and Bartending အပြင် အလုပ်အကိုင်အခွင့်အရေးများ ပါချိတ်ဆက်ပေးမည့် စီမံကိန်း ဖွင့်လှစ်ခြင်း အထိမ်းအမှတ် Orientation ပွဲကို CVT သင်တန်းကျောင်းတွင်အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဤ အထိမ်းအမှတ် ပွဲသို့ HEINEKEN Myanmar နှင့် CVT မှ တာဝန်ရှိသူများ ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသားကျောင်းသူ တို့ တက်ရောက်ခဲ့ပါသည် ။ အခမ်းအနားတွင်
HEINEKEN Myanmar မှ Managing Director Mr. Dominique Jung၊ Sales & Trade Marketing Director Mr. Jorrit Tuinhof၊ Corporate Affairs Director Ma Naw Lar Pwe Pawlin၊ နှင့် CVT မှ CEO ဒေါ်ခင်မြတ်စန္ဒာ တို့ မှ အဖွင့်အမှာစကားများပြောကြားခြင်း၊ နှုတ်ခွန်းဆက် နှင့် အတူ HEINEKEN Myanmar နှင့် CVT တို့မှ Management Team များလည်း တက်ရောက်ချီးမြှင့်ခဲ့ကြပါသည်။
ထို့နောက် ကျောင်းသူတစ်ဦးမှသင်တန်း၏အတွေ့အကြုံများနှင့် ဤအစီအစဥ်ဖြစ်မြောက်အောင် ပံ့ပိုးပေးသော Heineken Myanmar နှင့် အကောင်အထည်ဖော်ပေးသော CVT အား ကျေးဇူးတင်စကားကို မျှဝေခဲ့ပါသည်။
ဤအစီအစဉ်၏ အောင်မြင်မှုအတွက် ပံ့ပိုးကူညီပေးခဲ့သည့် အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။
HEINEKEN Myanmar နှင့် CVT တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် လူငယ်များ၏ အနာဂတ်အတွက် အတတ်ပညာပိုင်း တိုးတက်စေခြင်း နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက်စေရန် ရည်ရွယ်သော Build your skills Shape Your Future သက်မွေးသင်တန်းအစီအစဉ်များ ဆထက် တိုးပြီး ထပ်မံဖွင့်လှစ်နိုင်ပါစေလို့ ဆုတောင်းအပ်ပါသည်။

HEINEKEN
HEINEKEN
HEINEKEN
HEINEKEN
HEINEKEN
HEINEKEN