မြန်မာနိုင်ငံရှိ လူငယ်များအတွက် Swiss Model အလုပ်သင်ပညာရေး (Dual Apprenticeship) ကို ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ နှင့်ပူးပေါင်း၍ လုပ်ငန်းခွင်အတွက်လိုအပ်သော ကျွမ်းကျင်မှုတို့ ပြင်ဆင်ပေးခြင်း သင်တန်းများကို ၂၀၀၂ ခုနှစ်တည်းက တစိုက်မတ်မတ်လုပ် ဆောင်ခဲ့ပြီး သက်မွေးသင်တန်းဆင်းလူငယ်လူရွယ်၊ အမျိုးသမီးများအတွက်အလုပ်အကိုင်များ ကိုဖန်တီးပေး နိုင်ရန် ရည်ရွယ်၍ Center for Vocational Training (CVT) သည် မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ စံနှုန်းမီ အလုပ်ခန့်အပ်ရေးဝန်ဆောင်မှုများ ပေးနေသော၊ မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေနေသူများနှင့် လုပ်ငန်းရှင်များကို ချိတ်ဆက်ပေးသော ပလက်ဖောင်းတစ်ခု ဖြစ်သည့် MyJobs Myanmar (MyJobs) နှင့် ၂၀၂၅ ခုနှစ် မေလ ၂၉ ရက်တွင် နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ကြပါသည်။


