၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နဲ့ ၁၈ ရက်နေ့တွင် Center for Vocational Training (CVT) မှ APC Intertrade Co., Ltd ၏ ဝန်ထမ်း ၂၁ ဦးကို လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး (Common OSH) ဆိုင်ရာ အသိပညာပေးသင်တန်းကို အောင်မြင်စွာ ပို့ချပေးခဲ့ပါသည်။
သင်တန်းတွင် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံသဘောတရားတွေအပြင် လက်ရှိ မြန်မာနိုင်ငံရဲ့ အနေအထားနဲ့ လိုက်လျောညီထွေဖြစ်အောင် ငလျင်ဆိုင်ရာ ဗဟုသုတများကိုလည်း မျှဝေပေးခဲ့ပါတယ်။ သင်တန်းသားတွေဟာ ငလျင်ဆိုင်ရာ ဗဟုသုတနှင့် အခြေခံသဘောတရားများ၊ ငလျင်လှိုင်းများနှင့် ငလျင်ကြိုတင်သတိပေးချက် တွေအပြင် ငလျင်အတွက် ကြိုတင်ပြင်ဆင်ပုံနှင့် ဘေးကင်းရာကို ထွက်ပြေးတိမ်းရှောင်ရမယ့် နည်းလမ်းတွေကိုပါ မျှဝေသင်ကြားပေးခဲ့ပါသည် ။ သင်တန်းမှ ရရှိခဲ့တဲ့ အသိပညာများသည် ဝန်ထမ်းတွေရဲ့ လုပ်ငန်းခွင်ဘဝကို ပိုမိုဘေးကင်းစေရုံသာမက နေ့စဉ်လူမှုဘဝမှာပါ အသုံးဝင်မယ့် အသိပညာတွေဖြစ်တာကြောင့် အားလုံးအတွက် တန်ဖိုးရှိတဲ့ သင်တန်းတစ်ခု ဖြစ်ခဲ့ပါသည်။

APC_CVT
APC_CVT
APC_CVT