မတ်လ ၆ ရက်မှ ၈ ရက်အထိ ရန်ကုန်မြို့ရှိ Yangon Convention Center (Inya Lake Hotel) တွင် Silver Sea Event Management မှ ကြီးမှူးကျင်းပသော Myanmar 8 Build Expo / Myanmar Electrical Power & Green Energy Expo / Myanmar Engineering & Innovation Expo 2026 ပြပွဲတွင် Center for Vocational Training (CVT) သည် Booth တစ်ခုဖြင့် ပါဝင်ခင်းကျင်းပြသခဲ့ပါသည်။
ပြပွဲကာလ ၃ ရက်တာအတွင်း ဆောက်လုပ်ရေးဆိုင်ရာ နည်းပညာများနှင့် ပစ္စည်းများ၊ အိမ်သုံးနှင့် လုပ်ငန်းသုံး လျှပ်စစ်ပစ္စည်းများ၊ ဆိုလာပြားနှင့် ဆက်စပ်ပစ္စည်းများအပြင် နည်းပညာဆိုင်ရာ ဟောပြောပွဲများ၊ အဲကွန်းတပ်ဆင်ခြင်းဆိုင်ရာ ပြသမှုများလည်း ပါဝင်ကျင်းပခဲ့ကြပါသည်။
CVT Booth သို့ လာရောက်လေ့လာမေးမြန်းခဲ့ကြသူများအား CVT မှ တာဝန်ရှိသူများမှ ၂၀၂၆ ခုနှစ်အတွင်း လအလိုက် ဖွင့်လှစ်သွားမည့် အခမဲ့သင်တန်းအစီအစဉ်များ၊ စရိတ်မျှပေးဖြင့် ဖွင့်လှစ်မည့် သင်တန်းများနှင့် လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ကို မိတ်ဆက်ရှင်းလင်းပေးခဲ့ပြီး သင်တန်းများ နှင့်ပတ်သက်သည့် မေးမြန်းချက်များကိုလည်း ဖြေကြားပေးခဲ့ပါသည်။
ထို့အပြင် မတ်လ ၇ ရက်နေ့တွင် CVT ၏ Director of Marketing, Communication and Fundraising ဖြစ်သူ ဒေါ် သွေးသွေးမောင် မှ CVT သင်တန်းအစီအစဉ်များအကြောင်း နှင့် ၂၀၂၆ ခုနှစ်မှ စတင်ဖွင့်လှစ်သွားမည့် Facility Maintenance Specialist (FMS) သင်တန်းအသစ် အကြောင်းကို လည်း မိတ်ဆက်ပြောကြားခဲ့ပါသည်။
နည်းပညာ၊ ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ပိုမိုချိတ်ဆက်ဖန်တီးနိုင်စေရန် ရည်ရွယ်ထားသော ဤပြပွဲတွင် ပါဝင်ခင်းကျင်းပြသနိုင်ခဲ့ခြင်းကို CVT အနေဖြင့် ဂုဏ်ယူဝမ်းမြောက်စွာ မှတ်တမ်းတင်အပ်ပါသည်။
#Silversea
#cvt
#centerforvocationaltraining
