အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ (ILO) နှင့်အသက်မွေးမှုအတတ်ပညာသင်တန်းကျောင်း CVT တို့ ပူးပေါင်းကျင်းပသော ကျွမ်းကျင်မှုအခြေပြုသင်တန်းများဖြစ်သည့်
၁။ အောင်မြင်သော လက်လီအရောင်းသင်တန်း
၂။ အိပ်ခန်းဆောင် ထိန်းသိမ်းစောင့်ရှောက်ရေးသင်တန်း
၃။ အစားအသောက် တည်ခင်းဝန်ဆောင်မှု သင်တန်း
၄။ အိမ်သုံး ဆိုလာ တပ်ဆင်ခြင်း သင်တန်းများကို စီမံကိန်းကာလ ၆ လ အတွင်းဖွင့်လှစ်ပြီး၊ သင်တန်းပြီးဆုံးခဲ့သော သင်တန်းသား/သူ စုစုပေါင်း ၈၀ ဦးအား ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲနှင့် အလုပ်အကိုင်ချိတ်ဆက်ပွဲအဖြစ် ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် CVT ၏ အမှုဆောင်အရာအရှိချုပ် ဒေါ်ခင်မြတ်စန္ဒာမှ အဖွင့်စကားပြောကြားခဲ့ပြီး၊ ILO Programme Officer ဒေါ်မွှေးလွန်းမှ ကျောင်းသားများအား ဂုဏ်ပြုစကားပြောကြားပေးခဲ့ပါသည်။ CVT ၏ Head of Education ဒေါ်ထက်ထက်ရဲဝင်းက Project အကြောင်းတင်ပြခဲ့ပြီး၊ Head of MarCom and Fundraising ဒေါ်သွေးသွေးမောင်မှ အလုပ်အကိုင်ချိတ်ဆက်ထားမှု အကြောင်းရှင်းလင်းပြောကြားခဲ့သည်၊၊
သင်တန်းဆင်းလက်မှတ်များကို CVT -အမှုဆောင်အရာအရှိချုပ် ဒေါ်ခင်မြတ်စန္ဒာ၊ ILO မှ တာဝန်ရှိသူ Programme Officer ဒေါ် ‌မွှေးလွန်း CVT ၏.ဘုတ်အဖွဲ့ဝင်များဖြစ်သော ဦးညီညီ၊ ‌ဒေါ်ခင်မာအေး နှင့် ဒေါ် ယဉ်ယဉ်အေးနှင့် အာဆီယံ Chamber HRWG မှ ဥက္ကဌဦးမျိုးသန်းမှ ချီးမြှင့်ပေးခဲ့ပါသည်။ သင်တန်းဆင်း ကျောင်းသူ Naw Million Say ကလည်း ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။
ထိုနောက် အမှတ်တရဓါတ်ပုံရိုက်ကူးပြီး နေ့လယ်စာစားခဲ့ကြပါသည်။
နေ့လယ်ပိုင်းအစီအစဥ်တွင် အခမ်းအနားသို့ ဖိတ်ကြားထားသော မလေးရှား၊ မြန်မာ စီးပွားရေး အသင်း ဥက္ကဌ Mr. Siva Prakash နှင့်တကွ အလုပ်ခန့်အပ်ပေးကြသော လုပ်ငန်းများမှတာဝန်ရှိသူများ ဖြစ်ကြသော New Link Marketing Limited၊ RMA Myanmar၊ ZENTH Best Products Co., Ltd၊ Solar House၊ Shwe Ka Thar Engineering & Manufacturing Company Limited၊ MKEA ENGINEERING Co., Ltd၊ RADIANT RAYS Company Limited၊ MyJobs Myanmar နှင့် AMARA CONSULTING ကုမ္ပဏီများမှလည်း အလုပ်အကိုင်ချိတ်ဆက်ပုံစံများ သင်တန်းဆင်းများအတွက် တင်ပြကာ သိလိုသည်များအသေးစိတ်ကို သက်ဆိုင်ရာ booth များတွင် ရှင်းလင်းပြောကြားခဲ့ကြပြီး ကော်ဖီမုန့်များသုံးဆောင်ကာ အခမ်းအနားကို အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။

ilo
ilo
ilo
ilo
ilo
ilo
ilo
ilo
ilo
ilo
ilo
ilo