Mickey’s Real Wood Upcycled Furniture နှင့် CVT Myanmar ဒုတိယအကြိမ်မြောက် နားလည်မှု စာချွန်လွှာရေးထိုးခြင်း

၂၀၂၀ ခုနှစ်အတွက် Mickey’s Real Wood Upcycled Furnitures နှင့် CVT Myanmar တို့သည် Upcycle Project Training Course for beginner ကာလတိုသင်တန်းများအတွက် ပူးပေါင်းသဘောတူညီချက်ကို ၂၀၂၀ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ သဘောတူညီစာချုပ်အရ ကာလတိုသင်တန်းများကို ၂၀၂၀ ခုနှစ် အတွင်း ဇူလိုင်လနှင့် သြဂုတ်လတို့တွင် ဖွင့်လှစ်သွားမည်ဖြစ်သည်။ ထိုသင်တန်းတွင် စိတ်ပါဝင်စားသော လူငယ်များ/လူကြီးများ လေ့လာ လိုသူ မည်သူမဆို အခြေခံ Upcycle Project Training Course ဆိုင်ရာ အသိပညာ/ အတတ်ပညာများ တက်မြောက်စေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး ဆက်လက်၍လည်း ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ပါသည်။