အလုပ်သင် သင်တန်းသား၏ စကားသံ

CVT Myanmar တွင် လျှပ်စစ်ကျွမ်းကျင်မှုသင်တန်းမှ သင်တန်းသားဖြစ်ရသည့်အတွက် အလွန် ဂုဏ်ယူမိပါသည်။ လျှပ်စစ်သင်တန်းတွင် စာတွေ့ရောလက်တွေ့ပါ သင်ကြား ခွင့်ရသည့်အတွက် ပညာများနှင့် ဗဟုသုတများရရှိပါသည်။ ကျွန်တော်တို့ ယခု သင်ကြားနေရသော ပုံစံသည် တခြား သက်မွေးပညာသင်ကြားပေးသော နိုင်ငံများကဲ့သို့ အလုပ်လုပ်ရင်း ကျောင်းတက်ခွင့်ရသည့်အတွက် မိမိလုပ်ငန်းခွင်တွင် ကျွမ်းကျင်မှုများ များစွာ တိုးတက်လာခဲ့ပါသည်။ ယခုသင်တန်းကို တက်ရောက်ပြီး လျှပ်စစ်နှင့် သက်ဆိုင်သော ပုဂ္ဂလိကလုပ်ငန်းတွင် လျှပ်စစ်ပိုင်းဆိုင်ရာ ဝန်ထမ်းကောင်း တစ်ယောက်အဖြစ် လုပ်ဆောင် နေပါသည်။ CVT Myanmar ကို တက်ရောက်ရခြင်းမှာ မိမိဘဝရပ်တည်မှုအတွက် ကိုယ်ပိုင် လုပ်ငန်းတစ်ခု ထူထောင်လုပ်ကိုင်ချင်တဲ့ လုပ်ငန်းရှင်တစ်ယောက် ဖြစ်ချင်ပါသည်။ ကျွန်တော့်ဘ၀ ရည်မှန်းချက် အကောင်အထည် ဖော်ခွင့်ရအောင် သင်ကြားပို့ချပေးခဲ့တဲ့ CVT Myanmar သင်တန်းကျောင်းနှင့် ဆရာ/မများကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားလိုပါသည်။
ဆန္ဒအောင်
EL 15 B
ဒုတိယနှစ်